တိုက်ကြီးမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းကာ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် စာသင်ကျောင်း တစ်ကျောင်းယာယီပိတ်ထား




တိုက်ကြီး   ဇူလိုင် ၃၀


ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ ဇူလိုင် ၂၈ ရက်နေ့မှစ၍ မိုးများ အဆက်မပြတ်ရွာသွန်းကာ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ရေပေါ်သောင်ကျေးရွာအုပ်စု၊ သဲရိုးကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်းသို့ ရေ ၁ ပေခွဲခန့် ဝင်ရောက်ခဲ့သဖြင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် ဇူလိုင် ၃၀ ရက်(ယနေ့)မှစ၍ ကျောင်းယာယီပိတ်ထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


ဧရာဝတီမြစ်ရေပြန်လည်ကျဆင်းချိန်တွင် ယာယီပိတ်ထားသည့် အ.မ.က(သဲရိုး)ကျောင်း ကို ပြန်လည်ဖွင့်လှစ်ကာ သင်ခန်းစာများ နောက်မကျစေရေး အစားထိုး ပြန်လည် သင်ကြားပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


ဝတ်ရည်(ပြန်/ဆက်)

No comments

Powered by Blogger.