စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးရေးအတွက် ပဲပုပ်စိုက်တောင်သူများနှင့်တွေ့ဆုံ

 


ဘားအံ ဇူလိုင် ၂၉

 

ကရင်ပြည်နယ်အတွင်း ဈေးကွက်ဝင် ပဲပုပ်သီးနှံ တိုးချဲ့စိုက်ပျိုးရေးနှင့် ပဲပုပ်မှ ဆီနှင့် တန်ဖိုးမြင့်ထုတ်ကုန်များ ထွက်ရှိစေရန် ဇူလိုင် ၂၈ ရက် နံနက်ပိုင်းက ကရင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးရုံးခန်း၌ တာဝန်ရှိသူများနှင့် ပဲပုပ်စိုက်တောင်သူများ တွေ့ဆုံခဲ့ကြသည်။

 

ရှင်းလင်းပြောကြား

ထိုသို့တွေ့ဆုံရာတွင် ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်လွင်က ပဲပုပ်စိုက်တောင်သူများအနေဖြင့် တစ်ပိုင်တစ်နိုင်မှသည် စီးပွားဖြစ် တိုးချဲ့စိုက်ပျိုးနိုင်ရေး လမ်းညွှန်ပြီး သမဝါယမစနစ်ဖြင့် စုပေါင်းဆောင်ရွက်ပါက ရရှိလာနိုင်မည့် အကျိုးကျေးဇူးများ၊ အစုအဖွဲ့ဖြင့် ဈေးကွက်ရှာဖွေနိုင်ကာ အကျိုးအမြတ်ပိုမိုရရှိစေမည့် အခြေအနေများ၊ ဆီထွက်နှုန်း ကောင်းမွန်သည့် မျိုးကောင်း မျိုးသန့် ပဲပုပ်မျိုးများကို ပိုးမွှားများ၊ မှိုများမတက်စေရန် ဂရုတစိုက် ထိန်းသိမ်းရန်နှင့် မိုးအကုန် ဆောင်းရာသီ အကူးအပြောင်းတွင် အချိန်ကိုက်စိုက်ပျိုးပြီး ပဲပုပ်ဆီအပြင် ပဲပြား၊ ပဲပိစပ် စသည့် တန်ဖိုးမြင့် စားသောက်ကုန်များပါ တိုးချဲ့ ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သောချေးငွေ၊ စက်ကိရိယာ ပံ့ပိုးဖြည့်ဆည်းပေးမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ပြည်နယ် သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူးက စိုက်ပျိုးရေးအတွက် လိုအပ်သောမျိုး၊ သွင်းအားစုများနှင့် ပံ့ပိုးမှုများ လွယ်ကူချောမွေ့စွာ ရရှိနိုင်စေရန်အတွက် တောင်သူများစုပေါင်း၍ သမဝါယမစနစ်ဖြင့် ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြား ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.