ဒေးဒရဲမြို့နယ်၌ မြေငှားဂရန်ပေးအပ်ပွဲ ကျင်းပ

 


ဒေးဒရဲ ဇူလိုင် ၂၉

 

ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့ တော်ကမယ်ကျေးရွာအတွက် ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၁ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးက အမှာစကားပြောကြားသည်။

 

ဆက်လက်၍ ဖျာပုံခရိုင် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက တော်ကမယ်ကျေးရွာမှ မြေငှားဂရန် လျှောက်ထားမှုတွင် လုပ်ထုံး လုပ်နည်းနှင့် ကိုက်ညီအကျုံးဝင်သည့် အိမ်ခြေပေါင်း ၇၂ အိမ်အား ကျေးရွာမြေငှားဂရန်များကို ဒေသခံပြည်သူများ၏ လက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

အေဇာလင်း

No comments

Powered by Blogger.