သဘာဝမြေဩဇာထုတ်လုပ်နည်းသင်တန်းဖွင့်
ဘုတ်ပြင်း ဇူလိုင် ၂၀
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်
ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေတိုးပွားလာစေရန်
ရည်ရွယ်ချက်ဖြင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အသက်မွေးဝမ်းကျောင်းအထောက်အကူပြု
သဘာဝမြေဩဇာ ထုတ်လုပ်နည်းသင်တန်းဖွင့်ပွဲကို ဇူလိုင် ၂၀ ရက်က ကမာချောင်းကျေးရွာအုပ်စု
အေးချမ်းမြိုင်(၂) ကျေးရွာရှိ ကျေးရွာပိုင်အဆောက်အအုံ၌ ကျင်းပသည်။
အဆိုပါသင်တန်းကို ကျေးရွာအတွင်းရှိ
စိုက်ပျိုးရေးလုပ်ကိုင်နေသည့် သင်တန်းသား သင်တန်းသူ ၂၀ ဖြင့် သင်တန်းနည်းပြများက ဘာသာရပ်များကို
စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်သည်။ သင်တန်းတွင် သီးနှံပင်အကြွင်းကျန်များမှ
မြေဆွေးပြုလုပ်နည်း၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်း စသည်တို့ကို
ဇူလိုင် ၂၀ ရက်မှ ၂၂ ရက်အထိ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments