မကွေးတိုင်းဒေသကြီးအတွင်း စားအုန်းဆီရောင်းချမှု ကွင်းဆင်းစစ်ဆေး
မကွေး ဇူလိုင် ၂၀
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး
ဝန်ကြီးဌာန စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့်
စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့် ဖြစ်ထိုက်သည့်
ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်း ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ ဖြန့်ဖြူးရောင်းချရာတွင်
(လက်လီ၊ လက်ကား စာရင်းမှန်၊ နေရာမှန်၊ အချိန်မှန်၊ ဈေးနှုန်းမှန်၊ အရေအတွက်မှန်နှင့်
အရည်အသွေးမှန်) ဟူသည့် မှန်ခြောက်မှန်နှင့်အညီ ရောင်းချစေရေးနှင့် လက်ဝယ်တွင် သိုလှောင်၍
ဈေးနှုန်းမြှင့်တင် ရောင်းချမှုများ မရှိစေရေးတို့အတွက် သက်ဆိုင်ရာပူးပေါင်းအဖွဲ့များက
ဇူလိုင် ၁၆ ရက်နှင့် ၁၇ ရက်တို့တွင်
မကွေးခရိုင်အတွင်းရှိ စားအုန်းဆီဖြန့်ဖြူးရောင်းချသည့် အရောင်းဆိုင် ၄၁ ဆိုင်၊ မင်းဘူးခရိုင်အတွင်းရှိ
အရောင်းဆိုင် ၂၅ ဆိုင်၊ သရက်ခရိုင်တွင် ၁၅ ဆိုင် နှင့် ပခုက္ကူခရိုင်တွင် ကိုးဆိုင်
စုစုပေါင်း လက်လီ၊ လက်ကား အရောင်းဆိုင် ၉၀ သို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း
သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments