အုတ်တွင်းမြို့နယ်၌ စားအုန်းဆီဖြန့်ဖြူးရောင်းချပေးမှု ကွင်းဆင်းစစ်ဆေး

 


အုတ်တွင်း ဇူလိုင် ၁၂

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ တောင်ငူခရိုင်စားသုံးသူရေးရာဦးစီးဌာနက ပြည်သူများအား စားအုန်းဆီ ဖြန့်ဖြူးရောင်းချမှုနှင့် ပတ်သက်၍ ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း စစ်ဆေးသည်။

 

ကွင်းဆင်းစစ်ဆေး

အုတ်တွင်းမြို့နယ်အနေဖြင့် တစ်ရက်လျှင် စားအုန်းဆီ ပိဿာ ချိန်ပေါင်း ၁၉၈၀ ပိဿာ ရောင်းချပေးလျက်ရှိပါကြောင်းနှင့် အဆိုပါ ဆီများကို ပြည်သူများထံ သက်သာသောစျေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေးရာ စျေးနှုန်းကြီးမြှင့်မှု မရှိစေရေး၊ အလေးချိန်မှန်ကန်မှု ရှိ/မရှိနှင့် သတ်မှတ် ရည်ညွှန်းစျေးအတိုင်း ရောင်းချစေရေးအတွက် တောင်ငူခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမျိုးအောင်၊ တောင်ငူခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း တောင်ငူခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)

No comments

Powered by Blogger.