မြဝတီမြို့နယ်၌ KG ကျောင်းသား ကျောင်းသူများအား အာဟာရဖြည့်အစားအစာများ ကျွေးမွေးလှူဒါန်း
မြဝတီ ဇူလိုင် ၁၂
ကရင်ပြည်နယ် မြဝတီမြို့နယ် အခြေခံပညာ
အထက်တန်းကျောင်း(ဝါးတော)နှင့် အခြေခံပညာ အထက်တန်းကျောင်းခွဲ (သဲပုံ)တို့ရှိ KG ကျောင်းသား
ကျောင်းသူများအား အာဟာရဖြည့် အစားအစာများ ကျွေးမွေးလှူဒါန်းခြင်းကို ယမန်နေ့က အဆိုပါကျောင်းများ၌
ဆောင်ရွက်သည်။
ကျွေးမွေးလှူဒါန်း
အခြေခံပညာ အထက်တန်းကျောင်း (ဝါးတော)တွင်
KG ကျောင်းသား ကျောင်းသူ ၁၇၅ ဦးနှင့် အခြေခံပညာအထက်တန်းကျောင်းခွဲ(သဲပုံ)တွင် ကျောင်းသား
ကျောင်းသူ ၅၁ ဦးတို့အား အာဟာရဖြည့် အစားအစာများ ကျွေးမွေးရာ မြို့နယ်ပညာရေးမှူး ဦးမိုးကျော်၏
ကြီးကြပ်မှုဖြင့် ကျောင်းအုပ်ဆရာမကြီးများနှင့် ဆရာ ဆရာမများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ
ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသားမိဘများက ပူးပေါင်းဆောင်ရွက်ကြသည်။
အလှူရှင်ဦးစောမြလေး မိသားစုတို့၏ မတည်လှူဒါန်းမှုဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ
ညွှန်ကြားထားသည့် အာဟာရဖြည့် အစားအစာ ထမင်း၊ ကြက်သား၊ ငါးကြော်၊ ကုလားပဲဟင်းချို၊ ဂေါ်ဖီ၊
ကန်စွန်းရွက်ကြော်၊ ပဲသီးကြော်၊ မုန်လာဥ၊ ကန်စွန်းဥပြုတ် တို့ကို ကျွေးမွေးလှူဒါန်းခဲ့ကြကြောင်း
သိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)
.jpg)
No comments