ပဲခူးမြို့၌ အခွန်ဆိုင်ရာအသိပညာတိုးတက်ရေးနှင့် အခွန်တာဝန်လေးစားလိုက်နာမှုတိုးတက်ရေး အသိပညာပေးရှင်းလင်း
ပဲခူး ဇူလိုင် ၁၄
အခွန်ဆိုင်ရာ အသိပညာ တိုးတက်ရေးနှင့် အခွန်တာဝန် လေးစားလိုက်နာမှု တိုးတက်ရေး အသိပညာပေး ရှင်းလင်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် အခွန်ထမ်း ပြည်သူများ တက်ရောက်ကြသည်။
ရှင်းလင်းပြောကြား
ရှင်းလင်းပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးက အခွန်ပေးဆောင်ခြင်းနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ဆက်စပ်မှုဆိုင်ရာ ကိစ္စရပ်များကို အသိပညာပေး ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

No comments