ကြို့ပင်ကောက်မြို့၌ ကျေးရွာမြေငှားဂရမ် ပေးအပ်
ကြို့ပင်ကောက် ဇူလိုင် ၂၉
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်
ကျေးရွာမြေငှားဂရမ် ထုတ်ပေးနိုင်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးဆောင်သောအဖွဲ့ဝင်များသည် တမံဆည်ကျေးရွာသို့ ကွင်းဆင်းပြီး ကျေးရွာမြေငှားဂရမ်ထုတ်ပေးရေး
ဆောင်ရွက်ခဲ့ရာ ဇူလိုင် ၂၈ ရက်က တမံဆည်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်သည်။
ဦးစွာ သာယာဝတီခရိုင် စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကျော်ဝင်းက အမှာစကားပြောကြားပြီး ခရိုင်မြေစာရင်းဦးစီးမှူး
ဦးနေဝင်းထွန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးအောင်စိုးထက်၊ တိုင်းဒေသကြီး
လွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဒေါ်လွယ်လွယ်ဝင်းနှင့် တာဝန်ရှိသူများက ကျေးရွာပြည်သူ
၃၆ ဦး၏ မြေပိုင်ဆိုင်မှုမြေငှားဂရမ် ဧကပေါင်း ၅ ဒသမ ၅၄၅ ဧကအား မြေပိုင်ရှင်များထံ ပေးအပ်ခဲ့ကြကြောင်း
သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)

No comments