နီပေါနိုင်ငံ၏ကျားအကောင်ရေ ၄၂၉ ကောင်အထိ မြင့်တက်လာ



ဇူလိုင် ၃၀

နီပေါနိုင်ငံ၏ ကျားအကောင်ရေ ၄၂၉ ကောင်အထိရှိလာရာ လွန်ခဲ့သော လေးနှစ်အတွင်း ၂၁ ရာခိုင်နှုန်း တိုးလာကြောင်း ကမ္ဘာ့ကျားနေ့ အထိမ်းအမှတ်အဖြစ်ထုတ်ပြန်ခဲ့သော ကျားသန်းခေါင်စာရင်းအရ သိရသည်။

၂၀၂၆ ခုနှစ် သန်းခေါင်စာရင်းတွင် ၂၀၂၂ ခုနှစ်က ပြုလုပ်ခဲ့သော ယခင်တစ်နိုင်ငံလုံး သန်းခေါင်စာရင်းထက် မျိုးသုဉ်းရန်အန္တရာယ်ရှိသော ဘင်္ဂလားကျား ၇၄ ကောင် တိုးလာကြောင်း အမျိုးသားဥယျာဉ်များနှင့် တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းရေးဌာနက ပြောကြားခဲ့သည်။

အဆိုပါသန်းခေါင်စာရင်းအရ ချစ်ဝမ်အမျိုးသားဥယျာဉ်နှင့် ၎င်း၏ပတ်ဝန်းကျင်ဒေသများတွင် ကျားကောင်ရေ ၁၄၅ ကောင် အများဆုံးနေထိုင်ပြီး ဘာဒီယာအမျိုးသားဥယျာဉ်ဒေသတွင် ၁၁၂ ကောင်  ဒုတိယအများဆုံးနေထိုင်သည်ဟု သိရသည်။ ပါဆာအမျိုးသားဥယျာဉ်တွင် ကျား ၇၁ ကောင်ရှိပြီး ဘဏ်ကီးအမျိုးသားဥယျာဉ်၊ ရှုကလာဖန်တာအမျိုးသားဥယျာဉ်နှင့် အနီးတစ်ဝိုက်ဒေသများတွင် ကျားအကောင်ရေ ၅၁ နှင့် ၅၀ အသီးသီးရှိကြောင်း ဖော်ပြထားသည်။

နိုင်ငံအတွင်းရှိ ကျားအရေအတွက်ကို စောင့်ကြည့်လေ့လာနိုင်ရန် ထိုဌာနက အဆင့်မြင့် ကင်မရာထောင်ချောက် နည်းပညာကို အသုံးပြုကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်တမ်းကောက်ယူခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.