မကွေးမြသလွန် စေတီတော်မြတ်ကြီး၌ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကား
မကွေး ဇူလိုင် ၂၉
မကွေးမြို့ရှိ တန်ခိုးကြီး ရှေးဟောင်းသမိုင်းဝင် မြသလွန် စေတီတော် မြတ်ကြီးတွင်(ဒုတိယ)ဝါဆိုလပြည့် (ဓမ္မစကြာအခါတော် နေ့)၌ ဝါဆိုပန်းကပ်လှူကြသူများ၊ ဓမ္မစကြာ ဒေသနာတော်ရွတ်ဖတ် ပူဇော်ကြသူများ၊ ကုသိုလ်ကောင်းမှု ပြုကြသူများနှင့် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားများပြား လျက်ရှိသည်။
ဝါဆိုလပြည့် နံနက်ပိုင်းမှ စတင်၍ မြသလွန်စေတီတော်မြတ်ကြီးအား ရဟန်း၊ ရှင်၊ လူ ပြည်သူ များက ဝါဆိုသင်္ကန်း၊ ဝါဆိုပန်း၊ ဆွမ်း၊ ရေချမ်း၊ ဆီမီးများကို ဆက်ကပ် လှူဒါန်းခဲ့ကြပြီး ဓမ္မစကြာ ဒေသနာတော်များကို အလှည့်ကျ ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)

No comments