မြောက်ဥက္ကလာပမြို့နယ်၌ ဥပဒေရေးရာပြည်သူ့စကားဝိုင်း ပြုလုပ်

 


ရန်ကုန် ဇူလိုင် ၂၂

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်၌ ဥပဒေရေးရာခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ပြုလုပ်သည်။

 

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးသူက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြမြဝင်းက ပြည်သူ့စကားဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ မြောက်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးအောင်က အင်တာနက်အသုံးပြုပြီး လောင်းကစား ဆောင်ရွက်နေသူများအား ထိရောက်စွာ ဖော်ထုတ်ဖမ်းဆီးနိုင်ရေး စီစဉ်ဆောင်ရွက်နေမှုများ၊ လူကုန်ကူးမှုဆိုင်ရာကိစ္စများ၊ အမှတ်(၃၅) ယာဉ်ထိန်းရဲတပ်ဖွဲ့က တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး လှိုင်ဝင်းအောင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာကိစ္စရပ်များနှင့် မြို့နယ်ဥပဒေအရာရှိ ဒေါ်တင်ပိုပိုထွန်းက ပြည်သူများ သိသင့်သိထိုက်သော ဥပဒေဆိုင်ရာ ကိစ္စရပ်များကို ပြောကြားခဲ့ကြောင်း သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)

No comments

Powered by Blogger.