သုံးခွမြို့နယ်၌ သက်တန့်ရောင်စီမံကိန်းရန်ပုံငွေပေးအပ်

 


သုံးခွ ဇူလိုင် ၂၂

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးမည့်သမဝါယမအသင်းသား‌ တောင်သူများအား သွင်းအားစု ပေးအပ်ခြင်းနှင့် သက်တန့်ရောင်စီမံကိန်းရန်ပုံငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်‌ ဒေါ်ခင်မြတ်စုနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြို့ဆောင်တို့က အမှာစကားပြောကြားပြီး သုံးခွမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ကေသီမြလှိုင်က တောင်သူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံ‌ငွေဖြင့် သွင်းအားစုပေးအပ်ရခြင်းနှင့် သက်တန့်ရောင်စီမံကိန်း ရန်ပုံငွေ ပေးအပ်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းရှစ်သင်းမှ အသင်းသား ၁၅၆ ဦးအား သွင်းအားစုပေးအပ်ခြင်းနှင့် သက်‌တန့်ရောင် စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် သမဝါယမအသင်း တစ်သင်းမှ အသင်းသား ၁၄ ဦးတို့အား တာဝန်ရှိသူတို့က ပေးအပ်ခဲ့ကြောင်း သိရသည်။

စည်သူလင်း(ပြန်/ဆက်)

No comments

Powered by Blogger.