စားအုန်းဆီဖြန့်ဖြူးမှု စနစ်တကျရှိစေရေး ကုမ္ပဏီများနှင့် တွေ့ဆုံဆွေးနွေး
ပုသိမ် ဇူလိုင် ၂၂
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက စားအုန်းဆီဖြန့်ဖြူးမှု စနစ်တကျရှိစေရေး ကုမ္ပဏီများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး စားအုန်းဆီဖြန့်ဖြူးရေးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ စီးပွားရေး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးအောင်စန်းချစ်က တာဝန်ယူရောင်းချလျက်ရှိသော ကုမ္ပဏီများမှ စားအုန်းဆီဖြန့်ဖြူးမှုစနစ် မှန်ကန်စေရေး အလေးထားဆောင်ရွက်ရန်၊ စားအုန်းဆီဖြန့်ဖြူးရာတွင် ဈေးနှုန်းတည်ငြိမ်စွာ ရောင်းချရေးနှင့် အချိုးကျဖြန့်ဖြူးနိုင်ရေး ပြောကြားပြီး တိုင်းဒေသကြီး စားအုန်းဆီဖြန့်ဖြူး ရောင်းချရေးအဖွဲ့ဝင်များနှင့် စားအုန်းဆီဖြန့်ဖြူးရောင်းချနေသော ကုမ္ပဏီ ၁၄ ခုတို့က စားအုန်းဆီများ စနစ်တကျ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments