စားအုန်းဆီ ဖြန့်ဖြူးရောင်းချသည့်ဆိုင်များ စည်းကမ်းလိုက်နာမှု ရှိ၊ မရှိ စစ်ဆေး
ပြင်ဦးလွင် ဇူလိုင် ၃၀
ပြင်ဦးလွင်မြို့နယ်၌ စားအုန်းဆီ လက်လီ/လက်ကား
ဖြန့်ဖြူးရောင်းချသည့်ဆိုင်များတွင် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု ရှိ၊
မရှိကို ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။
ပြင်ဦးလွင်မြို့နယ် စားအုန်းဆီဖြန့်ဖြူးရောင်းချမှု
ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်တာဝန်ခံနှင့်အဖွဲ့ဝင်များသည်
ရပ်ကွက်ကြီး (၁)၊ (၃)၊ (၄)၊ (၁၀)၊ (၁၂)တို့မှ ကိုယ်စားလှယ်အရောင်းဆိုင်ခြောက်ဆိုင်တွင်
စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ဗီနိုင်းချိတ်ဆွဲ၍ ဖြန့်ဖြူးရောင်းချခြင်း
ရှိ/မရှိ၊ အလေးချိန်မှန်ကန်မှု ရှိ/မရှိနှင့် ဆီစာအုပ်များ စနစ်တကျ ထုတ်ပေးခြင်း၊ ခွဲတန်းရရှိသော
ဆီပိဿာချိန်ကို ပြည်သူများအား အမှန်တကယ် ရောင်းချပေးခြင်း ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း
သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments