ရေကြည်မြို့နယ်၌ ရေဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်
ရေကြည် ဇူလိုင် ၂၃
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်တွင်
ရေဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ငါးသိုင်းချောင်း ငဝန်ရပ်ကွက်
ဆိုင်တန်းလမ်းအတွင်း၌ ဇူလိုင် ၂၂ ရက်က ဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန
ဦးစီးအရာရှိ ဦးစိုးနိုင်ဦးဆောင်၍ ကျုံပျော်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ
ဦးစောထွန်းဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းဇော်လင်းနှင့်
တာဝန်ရှိသူများပူးပေါင်း၍ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ
အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် ကြိုတင်ဇာတ်တိုက် လေ့ကျင့်ခြင်း၊ အရေးပေါ်ရှာဖွေကယ်ဆယ်ရေး
အထောက်အကူပြုပစ္စည်းများဖြင့် ရှာဖွေကယ်ဆယ်ခြင်း၊ အသက်ကယ်အင်္ကျီဝတ်ဆင်နည်း၊ သဘာဝဘေးဒဏ်ခံရသည့်
လူနာများအား ရှေးဦးသူနာပြုစုနည်းဖြင့် ကုသခြင်းတို့ကို သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း
သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments