ရန်ကုန်-ပြည်-ရန်ကုန်ခရီးစဉ်တွင် အမှတ်(၇၃) အဆန်/(၇၄) အစုန်လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားများ စတင်ပြေးဆွဲမည်




နေပြည်တော် ဇူလိုင် ၂၄

ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားသည် ခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် ရန်ကုန်-မန္တလေးလမ်းပိုင်းအတွင်း ရန်ကုန်-နေပြည်တော်-ရန်ကုန် ရထားခရီးစဉ်၊ ရန်ကုန်-မန္တလေး-ရန်ကုန်နှင့် ရန်ကုန်-မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်များအား လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားများဖြင့် ပြေးဆွဲပေးခဲ့ပြီး ခရီးသည်များကြိုက်နှစ်သက်၍ စီးနင်းမှုများသောကြောင့် ရန်ကုန်-ပြည်လမ်းပိုင်းအတွင်း အမှတ်(၇၃)အဆန် ရန်ကုန်-ပြည်ခရီးစဉ်နှင့် အမှတ်(၇၄)အစုန် ပြည်-ရန်ကုန်ရထားခရီးစဉ်များကို လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားများအသုံးပြု၍ ဇူလိုင် ၃၁ ရက်မှစတင်၍ အောက်ပါ အချိန်ဇယားအတိုင်း တိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်သည်-


11


အထက်ပါ စတင်ပြေးဆွဲမည့် အမှတ်(၇၃) အဆန်/အမှတ်(၇၄)အစုန်ခေတ်မီလေအေးပေးစက်ပါ DEMU ရထားတွဲဆိုင်းတစ်ဆိုင်းတွင် အထက်တန်း(၂)တွဲ၊ ပထမတန်း (၄)တွဲပါရှိပြီး အထက်တန်းတွင် ၆၆ ဦး နှင့် ပထမတန်းတွင် ၂၂၄ ဦး စုစုပေါင်း ၂၉၀ စီးနင်းလိုက်ပါနိုင်မည်ဖြစ်သည်။ လက်မှတ်ခနှုန်းထားမှာ ခရီးစဉ်အစအဆုံး အထက်တန်းအတွက် ၂၀၀၀၀ ကျပ်နှင့် ပထမတန်းအတွက် ၁၅၀၀၀ ကျပ်တို့ဖြစ်ပြီး အဆိုပါရထားသည် ရန်ကုန်-ပြည်-ရန်ကုန် ခရီးစဉ်တစ်လျှောက် တညင်းကုန်း၊ သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ ကြို့ပင်ကောက်၊ နတ္တလင်းနှင့် ပေါင်းတည်ဘူတာတို့တွင် ရပ်တန့်ပေးမည်ဖြစ်ပြီး ခရီးစဉ်အစအဆုံး ပြေးဆွဲချိန် (၆) နာရီသာ ကြာမြင့်မည်ဖြစ်ရာ နေ့ချင်းပြန်သွားရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ ရန်ကုန် - ပြည်ရထားလမ်းပိုင်းတွင် ပြေးဆွဲလျက်ရှိသော အမှတ်(၇၁)အဆန်/ အမှတ် (၇၂)အစုန် လူစီးအမြန်လေအိတ်ရထားနှင့် ယခုပြေးဆွဲမည့် အမှတ်(၇၃)အဆန်/အမှတ်(၇၄)အစုန် ခေတ်မီ DEMU လူစီးအမြန်ရထားများ၏ ရထားလက်မှတ်များကို Online Railways Tacketing and Payment System (ORTP) စနစ်ဖြင့် လက်မှတ်များ ဝယ်ယူနိုင်မည်ဖြစ်ပြီး ခရီးစဉ်အစအဆုံးအတွက် (၇) ရက်နှင့် ကြားဘူတာများအတွက် (၅) ရက် ကြိုတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်


No comments

Powered by Blogger.