U12 Junior Soccer World Challenge 2026 ပြိုင်ပွဲအတွက် မြန်မာ ယူ - ၁၂ အသင်း ပဏာမကစားသမားစာရင်း ထုတ်ပြန်
ရန်ကုန် ဇူလိုင်
၂၁
U12 Junior Soccer
World Challenge 2026 ပြိုင်ပွဲကို လာမည့်ဩဂုတ်လအတွင်း ကျင်းပသွားမည်ဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်မည့်
မြန်မာ ယူ-၁၂ အသင်း ပဏာမကစားသမားစာရင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။
ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ်
နှစ်စဉ်ကျင်းပလျက်ရှိသည့် U12 Junior Soccer World Challenge 2026 ပြိုင်ပွဲကို မြန်မာဘောလုံးကစားသမားလူငယ်များ
နိုင်ငံတကာပြိုင်ပွဲ အတွေ့အကြုံရရှိစေရန် ၂၀၂၃ ခုနှစ်မှစတင်ကာ နှစ်စဉ်သွားရောက်ယှဉ်ပြိုင်လျက်ရှိပြီး
ယခုနှစ်ပြိုင်ပွဲသည် စတုတ္ထအကြိမ်မြောက် သွားရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာ ယူ-၁၂ ကစားသမားရွေးချယ်ပွဲများကို
ရန်ကုန်အမျိုးသားဘောလုံးအကယ်ဒမီနှင့် မန္တလေးမြန်မာဘောလုံးအကယ်ဒမီတို့တွင် ဇူလိုင်
၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ပြုလုပ်ခဲ့ပြီး ယနေ့တွင် ပဏာမ ကစားသမား
၂၃ ဦးစာရင်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပဏာမမြန်မာ
ယူ-၁၂ အသင်းအနေဖြင့် ဇူလိုင် ၂၅ ရက်တွင် လေ့ကျင့်ခန်းအစီအစဉ်များ စတင်မည်ဖြစ်ကြောင်း
သိရသည်။
မြင့်မြတ်
ဓာတ်ပုံ-MFF

No comments