အာဆီယံ ဟွန်ဒိုင်းဖလားပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်း အပြီးသတ်ပြင်ဆင်
ရန်ကုန် ဇူလိုင်
၂၁
ဇူလိုင် ၂၄ ရက်တွင်
စတင်ကျင်းပမည့် ၂၀၂၆ အာဆီယံ ဟွန်ဒိုင်းဖလားပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်းသည်
အပြီးသတ်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။
လေ့ကျင့်ပြင်ဆင်
မြန်မာ့လက်ရွေးစင်အသင်းသည်
ဇူလိုင် ၁၈ ရက်တွင် ဗီယက်နမ်လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲကစားပြီးနောက် ဇူလိုင်
၁၉ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာပြီး ဇူလိုင် ၂၁ ရက်တွင် ရန်ကုန်မြို့၌
အပြီးသတ်ပြင်ဆင်မည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် အန်ဒါဆင်သည် ဗီယက်နမ်နှင့်ခြေစမ်းပွဲအတွက်
ခေါ်ဆောင်သွားသော ကစားသမားများနှင့် ကစားသမားအချို့ ပြန်ပေါင်းပြီး
လေ့ကျင့်ပြင်ဆင်ကာ အပြီးသတ်ကစားသမားရွေးချယ်မည် ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည်
နည်းပြသစ် အန်ဒါဆင်နှင့် ပြင်ဆင်ချိန် နည်းပါးနေသေးပြီး ဗီယက်နမ်အသင်းနှင့်ခြေစမ်းပွဲတွင်
လေးဂိုးပြတ် ရှုံးနိမ့်ထားသည်။
မြန်မာ့လက်ရွေးစင်အသင်းသည်
အာဆီယံဖလားပြိုင်ပွဲတွင် ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ လာအိုအသင်းတို့နှင့် အုပ်စု
(B) ၌ ကျရောက်နေပြီး အုပ်စုပွဲများအဖြစ် ဇူလိုင် ၂၅ ရက်တွင် မလေးရှားအသင်းနှင့် အိမ်ကွင်း၊
ဇူလိုင် ၂၈ ရက်တွင် ဖိလစ်ပိုင်အသင်းနှင့် အဝေးကွင်း၊ သြဂုတ် ၄ ရက်တွင် လာအိုအသင်းနှင့်
အိမ်ကွင်း၊ ဇူလိုင် ၈ ရက်တွင် ထိုင်းအသင်းနှင့် အဝေးကွင်းကစားရမည် ဖြစ်သည်။
သတင်း-ညီမြတ်သော်တာ၊
ဓာတ်ပုံ-MFF

No comments