အငြိမ်းစားဝန်ထမ်းပင်စင်စားများအား စားအုန်းဆီများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး
အင်္ဂပူ ဇူလိုင်
၂၁
ဧရာဝတီတိုင်းဒေသကြီး
အင်္ဂပူမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက်ပိုင်းက အငြိမ်းစားဝန်ထမ်းပင်စင်စားများအား
စားအုန်းဆီများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးသည်။
စားအုန်းဆီများကို
ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက အငြိမ်းစားဝန်ထမ်းတစ်ဦးလျှင် ငါးဆယ်သားနှုန်းဖြင့်
စားအုန်းဆီပိဿာ ၂၂၀ ကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။
ထိုသို့ရောင်းချနေမှုကို
မြို့နယ်စီမံခန်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊
စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း
သိရသည်။
မန်းကျော်(ပြန်/ဆက်)

No comments