သာပေါင်းမြို့နယ်၌ ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ်အကြောင်း ရှင်းလင်းတင်ပြ
သာပေါင်း ဇူလိုင်
၂၁
ဧရာဝတီတိုင်းဒေသကြီး
သာပေါင်းမြို့နယ်ရဲတပ်ဖွဲ့က “ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်မှု
သိကောင်းစရာရှင်းလင်းတင်ပြခြင်း” အခမ်းအနားကို ဇူလိုင် ၂၀ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
(OSS) ရုံးခန်း၌ ပြုလုပ်သည်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိန်ဆန်းက အမှာစကားပြောကြားပြီး ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး
ဒုတိယရဲမှူးယဉ်ထွေးက ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ်အကြောင်းကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်သူကိုဗဟိုပြု
ရဲလုပ်ငန်းစနစ်အကောင်အထည်ဖော် ဆောင်ရွက်ရေးတွင်ပါဝင်သော မြို့နယ်ဌာနဆိုင်ရာအဖွဲ့အစည်းများ၊
မိတ်ဖက်အဖွဲ့များနှင့်ပူးပေါင်း၍ စကားဝိုင်းပုံစံဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာပေါင်း(ပြန်/ဆက်)

No comments