သင်္ဃန်းကျွန်းမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ မြေပြင်ကွင်းဆင်းဆောင်ရွက်
ရန်ကုန် ဇူလိုင် ၅
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်
အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဇူလိုင် ၃ ရက်တွင် ကျောင်းသား ကျောင်းသူများအား
နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များအား မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ထွေး၏ စီစဉ်ညွှန်ကြားမှုဖြင့်
အဖွဲ့ဝင်များက မြေပြင်ကွင်းဆင်း ဆောင်ရွက်ပြီး မြို့နယ်ဦးစီးမှူးက နိုင်ငံသားစိစစ်ရေးကတ်နှင့်
UID ကတ်များအား ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments