ဒလမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပေးအပ်



ရန်ကုန် ဇူလိုင် ၂၉


ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒလမြို့နယ်ဦးစီးမှူးရုံးက ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ် ပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန သီရိဇေယျနော်ရထာခန်းမ၌ ကျင်းပသည်။


အမှာစကားပြောကြား


ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး ရဲမှူးဇော်မျိုးထွန်းက အမှာစကားပြောကြားသည်။


ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များက နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များကို ကျောင်းသား ကျောင်းသူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။


ခင်စန္ဒာမြင့်(ပြန်/ဆက်)

No comments

Powered by Blogger.