လှိုင်မြို့နယ်၌ နိုင်ငံ့ဝန်ထမ်းပင်စင်စား အငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
လှိုင် ဇူလိုင် ၂၉
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်တွင်
နိုင်ငံ့ဝန်ထမ်းပင်စင်စား အငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ
ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၈ နာရီက မြန်မာ့စီးပွားရေးဘဏ် (ကမာရွတ်ဘဏ်ခွဲ)တွင်
ပြုလုပ်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်မျက်စိအထူးကုဆေးရုံကြီးမှ
ဆရာဝန်ကြီးများနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ ကမာရွတ်ဘဏ်ခွဲသို့
ပင်စင်လာထုတ်သော နိုင်ငံ့ဝန်ထမ်း ပင်စင်စားအငြိမ်းစားများအား ဆီးချို၊ သွေးတိုးနှင့်
မျက်စိစမ်းသပ် စစ်ဆေးခြင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး
စုစုပေါင်း အငြိမ်းစားနှင့် ဝန်ထမ်း ၁၃၀ တို့အား နံနက် ၈ နာရီမှ မွန်းလွဲ ၂ နာရီအထိ
စမ်းသပ်စစ်ဆေးဆောင်ရွက် ပေးခဲ့ကြသည်။
ဇော်ဇော်နိုင်(ပြန်/ဆက်)

No comments