မြဝတီမြို့၌ KG၊ မူလတန်းကျောင်းသား ကျောင်းသူများအား အာဟာရဖြည့် အစားအစာများ ကျွေးမွေးလှူဒါန်း
မြဝတီ ဇူလိုင် ၂၉
ကရင်ပြည်နယ် မြဝတီမြို့နယ် အမှတ်(၂)ရပ်ကွက်ရှိ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းတွင် ပညာသင်ကြားနေသည့် ကျောင်းသား ကျောင်းသူကလေးများ၏ ကိုယ်ခန္ဓာဖွံ့ဖြိုးမှု၊ ဉာဏ်ရည် ဖွံ့ဖြိုးမှု၊ ဉာဏ်ရည်တိုးတက်မှု၊ သင်ယူမှုစွမ်းအား တိုးတက်လာမှုနှင့် ကျန်းမာရေးကောင်းမွန်စေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီက ဖြည့်စွက်အာဟာရများကို ကျွေးမွေးလှူဒါန်းသည်။
အဆိုပါ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းရှိ KG ကျောင်းသား ကျောင်းသူ ၆၆ ဦး၊ Grade (1) ကျောင်းသား ကျောင်းသူ ၇၃ ဦး စုစုပေါင်း ၁၃၉ ဦးတို့အား ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင်များ ပူးပေါင်း၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားသတ်မှတ်ထားသည့် အာဟာရ ဖြည့်အစားအစာများဖြစ်သည့် နွားနို့၊ ငှက်ပျောသီးတို့ကို ကျွေးမွေး လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)

No comments