လေးမျက်နှာမြို့နယ်၌ ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲကျင်းပ
လေးမျက်နှာ ဇူလိုင် ၂၉
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ စက်မှု၊ စိုက်ပျိုး၊ မွေးမြူပညာရေးမှသည်
ဒေသဖွံ့ဖြိုးရေးဆီသို့ ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့က ခမောက်စုကျေးရွာ
အခြေခံပညာအထက်တန်းကျောင်းနှင့် အိုင်သပြုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ခန်းမတို့၌
ကျင်းပသည်။
ဆွေးနွေးပွဲကို ဟင်္သာတခရိုင် အစိုးရနည်းပညာ
အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမင်းမင်းဦး၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ
ခရိုင်ဦးစီးမှူး၊ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ
ခရိုင်ဦးစီးမှူးနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးတို့က အစီအစဉ်
ညှိနှိုင်းရေးမှူးအဖြစ် ပါဝင်ဆွေးနွေး ကြသည်။ ထို့ပြင်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
ဦးကြည်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်စန်းစန်းချိုတို့က ဒေသ၏ စီးပွားရေး
ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများ၏ အရေးပါမှုနှင့်
သင်တန်းကျောင်းများသို့ တက်ရောက် သင်ယူခြင်းဖြင့် အရည်အသွေးမြင့် ကျွမ်းကျင်မှုများရရှိနိုင်ကာ
အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်ခြင်း၊ သင်တန်းကျောင်းများ၏ သင်ကြားပို့ချမှုစနစ်၊
လက်တွေ့ကျွမ်းကျင်မှုများရရှိနိုင်သည့် အားသာချက်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments