ဒုတိယဝါဆိုလပြည့်နေ့တွင် မိုးညှင်းသမ္ဗုဒ္ဓေစေတီတော်သို့ ဘုရားဖူးအများအပြား လာရောက်

 


မုံရွာ ဇူလိုင် ၂၉

 

မုံရွာမြို့တောင်ဘက်ရှိ ကမ္ဘာကျော် မိုးညှင်းသမ္ဗုဒ္ဓေစေတီတော်သို့ ဒုတိယဝါဆိုလပြည့်နေ့တွင် ဘုရားဖူးအများအပြား လာရောက် ဖူးမြော်ကြကြောင်း တွေ့ရသည်။

 

မိုးညှင်းသမ္ဗုဒ္ဓေစေတီတော်သို့ မုံရွာမြို့ပေါ်နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဆိုင်ကယ်၊ ကား၊ ဆိုင်ကယ်ဆိုက်တွဲ၊ မြင်းလှည်း၊ စက်ဘီးများဖြင့် ဘုရားဖူး လာရောက်ကြခြင်းဖြစ်ပြီး မုံရွာမြို့ပေါ်မှ အငှားသုံးဘီးယာဉ်များ (အိုးဝေ) အထူးအလုပ်ဖြစ်ခဲ့သည်။

 

သမ္ဗုဒ္ဓေ စေတီတော်ကြီးကို ကျေးဇူးရှင် မိုးညှင်းဆရာတော် ဘုရားကြီးသည် သက္ကရာဇ် ၁၃ဝ၁ ခုနှစ်ဝါဆိုလဆန်း ၅ ရက်နေ့မှ စတင်၍ မုံရွာမြို့နယ် မြေနဲ၊ အောင်သာ၊ ဆည်ကြီးတော၊ မင်းရွာတို့အလယ်ရှိ ၃၇ ဧက ကျယ်ဝန်းသော မိုးညှင်းတောရ တိုက်တော်ကြီးအတွင်း တည်ဆောက်လာခဲ့ရာ ၁၃၁၄ ခုနှစ် တပေါင်းလဆုတ် ၃ ရက်နေ့တွင် လုံးဝပြီးစီး အောင်မြင်ခဲ့ကြောင်း သိရသည်။

မျိုးဝင်းထွန်း(မုံရွာ)

No comments

Powered by Blogger.