လှည်းကူးမြို့နယ်၌ ခရိုင်အဆင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုး
လှည်းကူး ဇူလိုင် ၂၉
လှည်းကူးမြို့နယ် ကံ့ကော်ကျွန်းကျေးရွာရှိ
ဓမ္မာစရိယဥယျာဉ် ဘုန်းကြီးကျောင်းဝင်းတွင် ၂၀၂၆ ခုနှစ် ခရိုင်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို
ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ လှည်းကူးမြို့နယ်
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးအောင်မျိုးနိုင်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂)
ဦးကျော်မင်းထွန်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ခရိုင်/မြို့နယ်အဆင့်ဌာန
ဆိုင်ရာတာဝန်ရှိသူများက ပျိုးပင် ၃၁၃၇ ပင်အား စုပေါင်းစိုက်ပျိုးကြကြောင်း သိရသည်။
အိရွှေစင်လတ်(လှည်းကူး)

No comments