သီရိလင်္ကာနှင့် ယှဉ်ပြိုင်ရမည့် AFC U-20 Asian Cup ခြေစစ်ပွဲအတွက် အပြည့်အဝပြင်ဆင်ထားဟု နည်းပြချုပ် ပြောကြား

 


ရန်ကုန်  ဩဂုတ်  ၃၀

ရန်ကုန်မြို့  သုဝဏ္ဏကွင်း၌  မြန်မာနိုင်ငံက   အိမ်ရှင်အဖြစ်  လက်ခံကျင်းပမည့်  2027  AFC  U-20 Asian   Cup   Qualification (Development Phase) အုပ်စု(K) ပွဲစဉ်အဖြစ် အိမ်ရှင် မြန်မာ ယူ-၂၀ အသင်းသည် ဩဂုတ် ၃၁ ရက်   ညနေ    နာရီတွင်  သီရိလင်္ကာအသင်းနှင့် စတင်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

မြန်မာအသင်း  ပါဝင်သည့် အုပ်စု(K)တွင်    မော်လဒိုက်၊ ဘရူနိုင်းနှင့်  သီရိလင်္ကာအသင်းတို့   ပါဝင်ပြီး   မြန်မာအသင်းအနေဖြင့် စက်တင်ဘာ ၃ ရက်တွင် ဘရူနိုင်း၊ စက်တင်ဘာ ၆ ရက်တွင် မော်လဒိုက်အသင်းတို့နှင့် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင်  မြန်မာ ယူ-၂၀ အသင်း နည်းပြချုပ် Ryuji Sueoka က နှစ်နှစ်တာကာလအတွင်း  အသင်းအနေဖြင့် အတွေ့အကြုံများစွာရရှိခဲ့ကာ ကစားသမားများ သိသိသာသာ တိုးတက်လာခဲ့သဖြင့်   ဩဂုတ်  ၃၁  ရက်တွင် ယှဉ်ပြိုင်ရမည့်  သီရိလင်္ကာအသင်းနှင့် ပွဲအတွက် အကောင်းဆုံးပြင်ဆင်ထားပြီး ပွဲစဉ်တိုင်းကို အောင်မြင်စွာကျော်ဖြတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာယူ-၂၀  အသင်းခေါင်းဆောင်   သက်ပိုင်စိုးက နည်းပြ၏ ညွှန်ကြားချက်များကို အပြည့်အဝလိုက်နာကစားသွားမည်ဖြစ်ပြီး လက်ရှိတွင် တစ်သင်းလုံးအနေဖြင့် ပြိုင်ပွဲအတွက် အပြည့်အဝအဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

နေမျိုး၊ ဓာတ်ပုံ-MFF

No comments

Powered by Blogger.