မုဒုံမြို့နယ်၌ ပညာရေးမှူးဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

 


မုဒုံ     သြဂုတ်    ၃၀

မွန်ပြည်နယ် မုဒုံမြို့နယ်၌ အသက်  ၁၈ နှစ်အောက်  ပညာရေးမှူးဖလား  အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့က အားကစားပြိုင်ဝင်းအတွင်းရှိ မီတာ (၄၀၀)ဘောလုံးကွင်း၌ ကျင်းပရာ မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးသက်ထွေးနှင့် တာဝန်ရှိသူများ တက်ရောက်၍  ဗိုလ်လုပွဲစဉ်အဖြစ် အထက ()  ဘောလုံးအသင်းနှင့်   အထက(တံခွန်တိုင်) ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို   ကြည့်ရှုအားပေးသည်။

ထို့နောက် တံခွန်စိုက်ဒိုင်းရရှိသည့်အထက() ဘောလုံးအသင်းကို ဆုချီးမြှင့်ပြီး  ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် မြို့နယ် တက္ကသိုလ်ဝင်တန်းအောင်    ကျောင်းသား  ကျောင်းသူများအတွက်   ဂုဏ်ပြုငွေကျပ် သိန်း ၂၀၀ ကို  ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ မင်းအောင်မြင့်က  ပေးအပ်ရာ  မြို့နယ်ပညာရေးမှူးက  လက်ခံယူသည်။      

ရာမည(ပြန်/ဆက်)

No comments

Powered by Blogger.