MFF ယူ-၁၆ လူငယ်ဖူဆယ်လိဂ်ပြိုင်ပွဲ ပထမအကျော့ပြီးဆုံးပြီး SGF Youth အသင်း နိုင်ပွဲဆက်မှုရပ်တန့်

 


ရန်ကုန်   ဩဂုတ်   ၃၀

၂၀၂၆ MFF   ယူ-၁၆  လူငယ်ဖူဆယ်လိဂ်ပြိုင်ပွဲ    ပထမအကျော့ နောက်ဆုံးရက်သတ္တပတ်ဖြစ်သည့် ပွဲစဉ် (၁၁) ကို ယနေ့တွင် ရန်ကုန်မြို့  သုဝဏ္ဏဘောလုံးကွင်းရှိ MFF ဖူဆယ်အားကစားရုံ၌ ကျင်းပရာ ထိပ်ဆုံးမှ  SGF Youth အသင်း နိုင်ပွဲဆက်မှု ရပ်တန့်ခဲ့သည်။

၁၀ ပွဲဆက်အနိုင်ရရှိပြီး အမှတ်ပေးဇယားထိပ်ဆုံးတွင် ဦးဆောင်နေသည့် SGF Youth အသင်းသည် ပထမအကျော့ နောက်ဆုံးပွဲတွင် ဒုတိယနေရာမှ Victoria အသင်းနှင့် သရေကျကာ နိုင်ပွဲဆက်မှု ရပ်တန့်ခဲ့ခြင်း ဖြစ်သည်။ ပွဲစဉ် (၁၁) တွင် Jullniss အသင်းက TKA Star အသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ United City အသင်းက Avengers Junior အသင်းကို ငါးဂိုး-နှစ်ဂိုး၊ Mahar Burma အသင်းက မာရိန်းအသင်းကို ရှစ်ဂိုး-ဂိုးမရှိ၊ Pacific Sun Far အသင်းက FFU မင်းမဟော်အသင်းကို လေးဂိုး-တစ်ဂိုး၊ ဘူရှီဒိုအသင်းက ရွှေပြည်သာယူနိုက်တက်အသင်းကို လေးဂိုး-သုံးဂိုးဖြင့် အနိုင်ရရှိပြီး Victoria အသင်းနှင့် SGF Youth အသင်းတို့ လေးဂိုးစီသရေကျခဲ့သည်။ SGF Youth အသင်းသည် နိုင်ပွဲဆက်မှု ရပ်တန့်ခဲ့သော်လည်း ရာသီဝက်ချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့သည်။ 

ပထမအကျော့အပြီးတွင် SGF Youth အသင်းက ၃၁ မှတ်ဖြင့် ရာသီဝက်ချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့ပြီး  Victoria အသင်း က ၂၈ မှတ်၊   FFU မင်းမဟော်အသင်းနှင့်  Mahar  Burma အသင်းတို့က  ၂၁ မှတ်စီ၊   Pacific Sun Far အသင်းက ၁၉ မှတ်၊  Avengers Junior အသင်းနှင့်   United City အသင်းတို့က  ၁၈ မှတ်စီ၊  Jullniss အသင်းက  ၁၆ မှတ်၊  TKA Stars အသင်းက  ၁၅ မှတ်၊ ဘူရှီဒိုအသင်းက လေးမှတ်၊ ရွှေပြည်သာယူနိုက်တက်အသင်းက သုံးမှတ်၊ မာရိန်းအသင်းက  တစ်မှတ်ရရှိထားသည်။                             

သတင်း - ရှိုင်းထက်ဇော်

ဓာတ်ပုံ - MFF

No comments

Powered by Blogger.