ASEAN Hyundai Cup Championship အမျိုးသားဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲ ဒုတိယအကျော့ပွဲစဉ်ကိုMRTV မှ တိုက်ရိုက်ထုတ်လွှင့်မည်

 


နေပြည်တော်    ဩဂုတ်     ၂၄

 ၂၀၂၆ ခုနှစ် ASEAN Hyundai Cup Championship အမျိုးသား ဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲ (ဒုတိယအကျော့ပွဲစဉ် အဖြစ်) ဗီယက်နမ် အမျိုးသားလက်ရွေးစင်အသင်းနှင့် ထိုင်းအမျိုးသား လက်ရွေးစင်အသင်းတို့သည် ဩဂုတ် ၂၆ ရက် ည ၇ နာရီခွဲတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ မိုင်ဒင်းအားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ အဆိုပါပွဲစဉ်ကို   ယင်းနေ့ည ၇ နာရီ ၁၅ မိနစ်တွင်  MRTV Sports Channel နှင့် MRTV Entertainment Channel တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသမည်ဖြစ်သည်။                           

သတင်းစဉ်

No comments

Powered by Blogger.