MFF ယူ-၁၆ ဖူဆယ်လိဂ်ပြိုင်ပွဲတွင် SGF Youth အသင်း ၁၀ ပွဲဆက်အနိုင်ရပြီး ထိပ်ဆုံးတွင် ဆက်လက်ဦးဆောင်

 


ရန်ကုန်     ဩဂုတ်    ၂၄

၂၀၂၆ MFF ယူ-၁၆ လူငယ်ဖူဆယ်လိဂ်ပြိုင်ပွဲ  ပွဲစဉ်(၁၀)ကို သြဂုတ် ၂၃ ရက်က ရန်ကုန်မြို့ သုဝဏ္ဏကွင်းရှိ MFF ဖူဆယ်အားကစားရုံ၌ ဆက်လက်ကျင်းပရာ SGF Youth အသင်း ၁၀ ပွဲဆက်အနိုင်ရပြီး ထိပ်ဆုံးတွင် ဆက်လက်ဦးဆောင်လျက်ရှိသည်။

ပွဲစဉ် (၁၀) တွင် FFU မင်းမဟော်အသင်းက ရွှေပြည်သာယူနိုက်တက်အသင်းကို ၁၀ ဂိုး-တစ်ဂိုး၊ TKA Star အသင်းက ဘူရှီဒိုအသင်းကို လေးဂိုး-နှစ်ဂိုး၊ United City အသင်းက Jullniss အသင်းကို ငါးဂိုး-သုံးဂိုး၊  SGF Youth  အသင်းက Pacific Sun Far အသင်းကို ခြောက်ဂိုး-တစ်ဂိုး၊ Victoria အသင်းက မာရိန်းအသင်းကို ကိုးဂိုး-ငါးဂိုး၊ Mahar Burma   အသင်းက  Avengers   Junior အသင်းကို   နှစ်ဂိုး-တစ်ဂိုးဖြင့်   အနိုင်ရရှိသည်။

ပွဲစဉ် (၁၀)  အပြီးတွင် SGF Youth အသင်းက ရမှတ် ၃၀ ဖြင့် ဦးဆောင်နေပြီး  Victoria အသင်းက ၂၇ မှတ်၊   FFU မင်းမဟော်အသင်းက ၂၁ မှတ်၊ Avengers Junior  အသင်းနှင့်  Mahar   Burma  အသင်းတို့က  ၁၈ မှတ်စီ၊   Pacific  Sun  Far  အသင်းက ၁၆  မှတ်၊  Jullniss အသင်းက  ၁၃ မှတ်၊  TKA Stars  အသင်းနှင့်  United   City   အသင်းတို့က   ၁၅   မှတ်စီ၊ ရွှေပြည်သာယူနိုက်တက်အသင်းက  သုံးမှတ်၊  မာရိန်းအသင်းနှင့်  ဘူရှီဒိုအသင်းတို့က  တစ်မှတ်စီရရှိထားသည်။

သတင်း - ချစ်ကိုကို

ဓာတ်ပုံ - MFF

No comments

Powered by Blogger.