တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး နဝမနေ့ကျင်းပ

 


ရန်ကုန် ဩဂုတ် ၂၆

 

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တတိယပုံမှန်အစည်းအဝေး နဝမနေ့ကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ၁၂ ဦးက မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း ၁၂ ခုကို သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့၏ ရုရှားနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံများသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေး ခရီးစဉ်သွားရောက်ခဲ့မှုအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်းအဆိုကို လွှတ်တော်သို့ တင်သွင်းခြင်းနှင့် လွှတ်တော်ကမှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

 

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တတိယပုံမှန်အစည်းအဝေး နဝမနေ့ကို မွန်းလွဲပိုင်းတွင် ရပ်နားခဲ့ကြောင်း ကြေညာသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.