မြဝတီမြို့နယ်ဂီတအစည်းအရုံး ပြန်လည်ဖွဲ့စည်းခြင်းနှင့် တာဝန်ပေးအပ်ခြင်းအခမ်းအနားကျင်းပ

 


မြဝတီ သြဂုတ် ၂၆

 

ကရင်ပြည်နယ် မြဝတီမြို့နယ်ဂီတအစည်းအရုံး ပြန်လည်ဖွဲ့စည်းခြင်းနှင့် တာဝန်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်​ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သိန်းက အမှာစကားပြောကြားသည်။

 

ထို့နောက် ကရင်ပြည်နယ်ဂီတအစည်းအရုံး နာယက ဦးသောင်းထွန်းက နှုတ်ခွန်းဆက်စကား ပြောကြားပြီး ကရင်ပြည်နယ် ဂီတအစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအောင်မြင့်က ဂီတအစည်းအရုံး ဖွဲ့စည်းခြင်း ရည်ရွယ်ချက်နှင့် စည်းမျဉ်းစည်းကမ်းများ၊ ကရင်ပြည်နယ်ဂီတအစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းက ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များကို ဆွေးနွေးပြောကြားကြသည်။ ဆက်လက်ပြီး မြဝတီမြို့နယ် ဂီတအစည်းအရုံးအသင်းကို လျာထားဖွဲ့စည်းခဲ့ပြီး ရွေးချယ်ခံဥက္ကဋ္ဌကိုယ်စား ဒုတိယဥက္ကဋ္ဌ ဦးမင်းလွင်က မိတ်ဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)

No comments

Powered by Blogger.