ပုသိမ်ကြီးမြို့နယ်၌ ၂၀၂၆ ခုနှစ် မိုးရာသီစု‌ပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ




မန္တလေး ဩဂုတ် ၂၆


မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီက မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အစိုးရနည်းပညာ ကောလိပ်(မန္တလေး)ဝင်းအတွင်း ကျင်းပသည်။


သစ်ပင်စိုက်ပျိုးပွဲတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က သတ်မှတ်ပျိုးပင်ကို ဦးစွာစိုက်ပျိုးပေးပြီး တိုင်ဒေသကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တက္ကသိုလ်/ ကောလိပ်/ သိပ္ပံတို့မှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာများနှင့် အဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် ဧည့်သည်တော်များ စုပေါင်း၍ ပျိုးပင်များစိုက်ပျိုးကြသည်။


အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း၊ ပိတောက်၊ ယင်းမာ၊ ကုက္ကို၊ မဲဇလီ၊ စိန်ပန်း၊ ခရေ၊ တမာ၊ ငုရွှေဝါ၊ မည်စည်၊ တပေဘူတ စသည့်ပျိုးပင်ပေါင်း ၂၅၀၀ ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။


ရွှေရန်ကင်း



No comments

Powered by Blogger.