ချဒ်နိုင်ငံ၌ ကာလဝမ်းရောဂါကြောင့် ရှစ်ဦး သေဆုံး
အန်ဂျာမီနာ ဩဂုတ် ၆
ချဒ်နိုင်ငံမြို့တော် အန်ဂျာမီနာတွင်
ကာလဝမ်းရောဂါ ဖြစ်ပွားမှုကြောင့် လူရှစ်ဦး
သေဆုံးခဲ့ကြောင်း အရာရှိများက ဩဂုတ် ၅
ရက်တွင် အတည်ပြုခဲ့သည်။
အစိုးရကိုယ်စားလှယ် အမီနာကိုဂျီယာနာ
ဦးဆောင်သည့် အရေးပေါ်အစည်းအဝေး၌ ထုတ်ပြန်
သည့် အချက်အလက်များအရ အန်ဂျာမီနာမြို့တွင် ဩဂုတ် ၄ ရက်က ကာလဝမ်းရောဂါဖြစ်ပွားသူ ၇၅
ဦးရှိကြောင်း သိရသည်။ ၎င်းတို့အနက် ရှစ်ဦး သေဆုံးခဲ့ပြီး အခြားရှစ်ဦးမှာ ဆေးရုံ၌ ကုသမှု ခံယူနေဆဲဖြစ်ကာ ၅၉ ဦးမှာ ပြန်လည်ကျန်းမာလာပြီဖြစ်ကြောင်း
သိရသည်။
မြို့တော်အတွင်း ရပ်ကွက်ကိုးခု၌
ကာလဝမ်းရောဂါဖြစ်ပွားနေကြောင်း အာဏာပိုင်များက ပြောသည်။ လူထုအသိပညာပေးလုပ်ငန်းများကို
ပိုမိုဆောင်ရွက်ရန်နှင့် အခြေခံကာကွယ်ရေး အလေ့ အကျင့်များကို လိုက်နာကြရန် လူမှုအသိုက်အဝန်းခေါင်းဆောင်များအား
ကိုဂျီယာနာက တိုက်တွန်း ခဲ့သည်။
ဆင်ဟွာ

No comments