ငလျင်ကြောင့် ကားအစိတ်အပိုင်းစက်ရုံ ထိခိုက်ပျက်စီးပြီးနောက် ဟွန်ဒါ၏ စက်ရုံသုံးရုံ ထုတ်လုပ်မှု ယာယီရပ်ဆိုင်း
တိုကျို ဩဂုတ် ၆
လွန်ခဲ့သည့်သီတင်းပတ်က ကူမာမိုတိုခရိုင်ရှိ ကားအစိတ်အပိုင်း ထုတ်လုပ်ရေးစက်ရုံတစ်ရုံ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ပြီးနောက် ဂျပန်နိုင်ငံရှိ ဟွန်ဒါကားထုတ်လုပ်ရေးစက်ရုံသုံးရုံ၏ ထုတ်လုပ်မှုကို ယာယီရပ်ဆိုင်းမည်ဖြစ်ကြောင်း ဟွန်ဒါကားကုမ္ပဏီက
ပြောသည်။
ဟွန်ဒါအုပ်စုဝင် ကားအစိတ်အပိုင်းထုတ်လုပ်ရေးကုမ္ပဏီ
Astemo လည်ပတ်နေသည့် စက်ရုံတစ်ရုံ မှာ ငလျင်ကြောင့်
အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ကြောင်း
ဟွန်ဒါကုမ္ပဏီက ဩဂုတ် ၅ ရက် တွင်
ထုတ်ပြန်ခဲ့သည်။ ယင်းဖြစ်စဉ်ကြောင့် ကားအစိတ်အပိုင်းများ ဝယ်ယူ ရရှိရေးလုပ်ငန်းစဉ်အပေါ်
ထိခိုက်မှုများဖြစ်ပေါ်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။ Astemo ကုမ္ပဏီက ဩဂုတ် ၇ ရက်တွင်
စက်ရုံကို ပြန်လည်လည်ပတ်မည်ဟု ပြောကြားထားသော်လည်း လုပ်ငန်းများကို အပြည့်အဝ ပြန်လည်လည်ပတ်နိုင်ခြင်း
ရှိ မရှိ မသိရသေးပေ။
ဟွန်ဒါကုမ္ပဏီက ဆိုင်တမာခရိုင်ရှိ
ကားတပ်ဆင်ရေးစက်ရုံတစ်ရုံနှင့် မီအဲခရိုင်ရှိ စက်ရုံနှစ်ရုံတို့၏ ထုတ်လုပ်ရေးလုပ်ငန်းများကို
ဩဂုတ် ၁၉ ရက်မတိုင်မီအထိ ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တိုယိုတာ၊
နစ်ဆန်းနှင့် အခြားကားထုတ်လုပ်ရေးကုမ္ပဏီများကလည်း ဖူကူ အိုကာခရိုင်ရှိ ၎င်းတို့၏စက်ရုံများတွင် လုပ်ငန်းများပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်လျက်
ရှိကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ

No comments