ဗီယက်နမ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမေရိကန်ဒေါ်လာ ၅၉၀၀၀၀ နီးပါး ပျက်စီးဆုံးရှုံး



ဟနွိုင်း  ဩဂုတ်  ၆

ဗီယက်နမ်နိုင်ငံမြောက်ပိုင်း တူယင်ကွမ်းပြည်နယ်၌    အချိန်အတော်ကြာ မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် လူတစ်ဦးသေဆုံးခဲ့ပြီး ဗီယက်နမ်ဒေါင် ၁၅ ဘီလီယံခန့် (အမေရိကန်ဒေါ်လာ ၅၈၉၈၀၀    ခန့်)  ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဩဂုတ်  ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

သေဆုံးသူမှာ ကွင်းပြင်၌အလုပ်လုပ်နေစဉ် မိုးကြိုးပစ်ခံရခြင်းကြောင့်ဖြစ်ကြောင်း ပြည်နယ် စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနက ထုတ်ပြန်ထားသည်။

ထို့ပြင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ် ၉၆ လုံး ပျက်စီးခဲ့ပြီး စိုက်ပျိုးမြေနှင့် ငါးမွေးမြူရေး ကန် ဟက်တာ ဒါဇင်နှင့်ချီ  ရေကြီးနစ်မြုပ်ခဲ့ကြောင်း၊ ဒေသတွင်းလမ်းတစ်လျှောက် နေရာ  ၄၂  ခု၌    မြေပြိုမှုများဖြစ်ပွားသဖြင့် ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။    

ဆင်ဟွာ

No comments

Powered by Blogger.