စပိန်ပိုင် ဆယ်ယူတာသို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်ရန်ကြိုးပမ်းစဉ် လူ ၁၀၀ ခန့် သေဆုံး



ဘရက်ဆဲလ်  ဩဂုတ်  ၆

လွန်ခဲ့သည့် သီတင်းပတ်အတွင်း စပိန်နိုင်ငံပိုင်    မြောက်အာဖရိကဒေသဖြစ်သည့်   ဆယ်ယူတာသို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်ရန် လူအများအပြားကြိုးပမ်းစဉ်   လူ ၁၀၀   ခန့်   သေဆုံးခဲ့ကြောင်း ဆယ်ယူတာ   ဒေသအုပ်ချုပ်ရေးအာဏာပိုင်   ဂျူအန်ဂျီးဆက်စ် ဗီးဗက်က   ဩဂုတ်   ၆  ရက်တွင် ကျင်းပသည့်    ဥရောပပါလီမန် အရေးပေါ်အစည်းအဝေး၌   ပြောကြားခဲ့သည်။

ဗီးဗက်က  လူပေါင်း ၈၀၀၀၀ ခန့်သည် ဆယ်ယူတာသို့   ဝင်ရောက်ခဲ့ပြီး  ၎င်းတို့အနက် ၇၅၀၀၀ နီးပါးမှာ နောက်ပိုင်းတွင် မိမိတို့၏ ဆန္ဒအလျောက် ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင်    ဆယ်ယူတာဒေသတွင်    ရွှေ့ပြောင်းဝင်ရောက်လာသူ ၃၀၀၀   မှ   ၅၀၀၀  ခန့်အထိ ဆက်လက်ကျန်ရှိနေကြောင်း ဗီးဗက်ကပြောကြားခဲ့သည်။ ယင်းအခြေအနေကြောင့် လက်ခံ စောင့်ရှောက်ရေးစင်တာများသည် လက်ခံနိုင်သည့် စွမ်းရည်ထက် ကျော်လွန်သွားခဲ့ပြီး ပြင်းထန် သော လူသားချင်းစာနာထောက်ထားရေး အရေးပေါ်အခြေအနေတစ်ရပ်ဖြစ်ပေါ်လာကြောင်း  ၎င်းက ပြောကြားကာ ဥရောပသမဂ္ဂအေဂျင်စီများထံမှ ပိုမိုကူညီထောက်ပံ့ပေးရန် တောင်းဆိုခဲ့ သည်။

ဆယ်ယူတာသည် စပိန်နိုင်ငံပိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမြို့ တစ်မြို့ဖြစ်ပြီး မြောက်အာဖရိကတိုက် တွင် တည်ရှိသည်။ ဆယ်ယူတာသည်  ဥရောပသမဂ္ဂ၏ နယ်မြေဖြစ်သည့်အတွက် အာဖရိကမှ  ဥရောပသို့ ရွှေ့ပြောင်းနေထိုင်လိုသူများအတွက်   အရေးကြီးသည့် ဝင်ပေါက်တစ်ခုဖြစ်သည်။                      

ဆင်ဟွာ

No comments

Powered by Blogger.