ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၂၆ ခုနှစ် စတုတ္ထအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
နေပြည်တော် ဩဂုတ်
၂၅
၂၀၂၆ ခုနှစ်၊
ကာကွယ်ရေးဦးစီး ချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစု များ၏ စတုတ္ထအကြိမ် မိုးရာသီ
သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်
ဇေယျာသီရိမြို့နယ် ရေဆင်းဆည်အနီး၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်ကြီးရဲဝင်းဦး တက်ရောက်၍ ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင် စိုက်ပျိုးပေးသည်။
အဆိုပါ
အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်နီလာ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်
ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ဇနီးဒေါ်နန်းကူးကူ၊
ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နှင့်
ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) နှင့် ဇနီး၊
ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ
သင်တန်းသား အရာရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)
ရုံးဌာနအသီးသီးမှ အရာရှိ၊ စစ်သည်များနှင့် မိသားစု ဝင်များ တက်ရောက်ကြသည်။
ဦးဆောင်စိုက်ပျိုး
ဦးစွာ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင်
စိုက်ပျိုးကြသည်။ ယင်းနောက် အခမ်းအနား တက်ရောက်လာကြသူများက သတ်မှတ်နေရာ
အသီးသီးတွင် ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီနှင့် ပိတောက်ပင်များကို
စိုက်ပျိုးကြသည်။
ကြည့်ရှုအားပေး
ထို့နောက်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည်
မိသားစုများ၏ စုပေါင်းသစ်ပင် စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ယနေ့ ကျင်းပပြုလုပ်သည့်
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၂၆ ခုနှစ်၊ စတုတ္ထအကြိမ်
မိုးရာသီ သစ်ပင်စိုက်ပွဲတွင် ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီနဲ့ ပိတောက်ပင်
စုစုပေါင်း ၂၄၀၀ ကို စိုက်ပျိုးခဲ့ကြသည်။
အလားတူ
တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး၌လည်း စတုတ္ထအကြိမ် မိုးရာသီသစ်ပင်စိုက်ပွဲများ
ကျင်းပ၍ ရတနာတန်းဝင်ပင်၊ စက်မှုကုန်ကြမ်းသီးနှံပင်၊ နှစ်ရှည်စားသုံးသီးနှံပင်၊
အရိပ်ရလေကာ ပင်များကို စုပေါင်းစိုက်ပျိုးကြရာ နေပြည်တော်တိုင်းစစ်ဌာနချုပ်၌ ၁၁၅၉၁
ပင်၊ မြောက်ပိုင်းတိုင်းစစ် ဌာနချုပ်၌ ၅၀၃၀၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၌ ၃၄၆၀၊
အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၌ ၁၂၉၁၀၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၌ ၉၅၇၀၊
တြိဂံဒေသတိုင်းစစ်ဌာနချုပ်၌ ၁၁၁၆၁ ပင်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်၌ ၄၉၁၅ ပင်၊
ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်၌ ၆၉၃၃ ပင်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၌ ၁၀၉၉၀၊
အနောက်တောင်တိုင်းစစ်ဌာနချုပ်၌ ၃၉၀၀၊ အနောက် ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၅၁၀၀၊
အနောက်မြောက်တိုင်း စစ်ဌာန ချုပ်၌ ၆၁၉၀၊ အလယ်ပိုင်း တိုင်း စစ်ဌာနချုပ်၌ ၄၆၆၉၆ ပင်
နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၇၃၈၀ တို့ကို တိုင်းမှူးများနှင့်
တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများက စုပေါင်းစိုက်ပျိုးခဲ့ကြပြီး
တပ်မတော်တစ်ရပ်လုံး အနေဖြင့် ယနေ့တွင် စုစုပေါင်း သစ်ပင် ၁၄၈၂၂၆ ပင်ကို
စိုက်ပျိုးခဲ့ ကြကြောင်း သိရသည်။
သတင်းစဉ်
No comments