ဆင်ပေါင်ဝဲမြို့၌ ဧရာဝတီမြစ်ရေဝင်ရောက်မှု အခြေအနေများနှင့် ရေဘေးယာယီစခန်းဖွင့်လှစ် ထားရှိမည့်နေရာများအား ကွင်းဆင်းကြည့်ရှု



ဆင်ပေါင်ဝဲ ဩဂုတ် ၁၃

 

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ ဧရာဝတီမြစ်ရေဝင်ရောက်မှု အခြေအနေများနှင့် ရေဘေးယာယီစခန်း ဖွင့်လှစ်ထားရှိမည့် နေရာများအား ယနေ့ နံနက် ၉နာရီခွဲ အချိန်က မြို့ပေါ်ရပ်ကွက်များသို့ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့သည်။

 

အဆိုပါ ကွင်းဆင်းကြည့်ရှုရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးဝင်းနိုင်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက မြစ်ရေပြောင်းလဲမှု အခြေအနေများကို စနစ်တကျ စောင့်ကြည့်တိုင်းတာရေး၊ ရေဘေးအန္တရာယ် သတိပေးချက်များကို ပြည်သူများထံ အချိန်နှင့်တပြေးညီ အသိပေးနှိုးဆော်ရေးနှင့် ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ရေး၊ ရေဘေးယာယီစခန်း ဖွင့်လှစ်ထားရှိမည့်နေရာများ ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

 

ထို့နောက် တာဝန်ရှိသူများက ရေဘေးအန္တရာယ်ဖြစ်ပွားလာပါက အချိန်ကြန့်ကြာမှုမရှိဘဲရွှေ့ပြောင်း ကယ်ဆယ်နိုင်ရေးအတွက် ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ စက်လှေများနှင့် ယာဉ်မော်တော်များ အသင့်ပြင်ဆင်ထားရှိရန်မှာကြားခဲ့ပြီး ပြည်သူများအနေဖြင့်လည်း သက်ဆိုင်ရာက ထုတ်ပြန်သည့် သတင်းများကို စောင့်ကြည့်လိုက်နာကြရန် အသိပေးပြောကြားခဲ့ကြောင်း သိရသည်။

 

ခန့်ဝင်း(ဆင်ပေါင်ဝဲ)

No comments

Powered by Blogger.