ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ချည်မျှင်ရှည်ဝါ ၃၉၂၃ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်



ပွင့်ဖြူ ဩဂုတ် ၁၆

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် ချည်မျှင်ရှည်ဝါ ၃၉၂၃ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ပွင့်ဖြူမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် ချည်မျှင်ရှည်ဝါ ၅၂၇၁ ဧက စိုက်ပျိုးရန်လျာထားပြီး အဆိုပါ ချည်မျှင်ရှည်ဝါစိုက်ပျိုးခြင်းကို ယခုနှစ် ဇွန်လမှစတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် ၃၉၂၃ ဧကထိစိုက်ပျိုးပြီးစီးပြီဖြစ်ပြီး စက်တင်ဘာလအထိ စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ပွင့်ဖြူမြို့နယ်အတွင်း ချည်မျှင်ရှည်ဝါ စိုက်ပျိုးတောင်သူများအား စိုက်ဧကများ တိုးချဲ့စိုက်ပျိုး နိုင်ရေး၊ စိုက်နည်းစနစ်များ မှန်ကန်စေရေး၊ ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေးတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပြီး အသိပညာပေးလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ချည်မျှင်ရှည်ဝါကို အထွက်နှုန်းတိုးတက် ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း ကုန်ထုတ်လုပ်မှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုပေးနိုင်သည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာမည် ဖြစ်သောကြောင့် ဒေသမရွေးချည်မျှင်ရှည်ဝါကို ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။

 

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)

No comments

Powered by Blogger.