ပဲခူးမြို့၌ ရဲတပ်ဖွဲ့ဝင်မိသားစုများအတွက် စက်ချုပ်နည်းပညာသင်တန်း ဖွင့်လှစ်

 



ပဲခူး ဩဂုတ် ၂၇


ပဲခူးခရိုင်နှင့် ညောင်လေးပင် ခရိုင်တို့မှ ရဲတပ်ဖွဲ့ဝင်မိသားစု သင်တန်းသူ ၃၀ အတွက် စက်ချုပ် နည်းသင်တန်းကို ဩဂုတ် ၂၇ ရက်မှ အောက်တိုဘာ ၁၂ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ပြီး အမျိုးသမီး ဝတ်အင်္ကျီ၊ လုံချည်၊ အမျိုးသား ဝတ်ရှပ်အင်္ကျီ ချုပ်နည်းများကို ကိုယ်တိုင်ချုပ်လုပ်နိုင်သည်အထိ စာတွေ့၊ လက်တွေ့သင်ကြားမည် ဖြစ်ကြောင်းနှင့် ထူးချွန်သည့် သင်တန်းသူ ၁၀ ဦးအား သင်တန်း ဆင်းသည့်အခါ လုပ်ငန်းထူထောင် လုပ်ကိုင်နိုင်ရန် တစ်ဦးလျှင် ငွေကျပ် ၁၄ သိန်းနှင့်ညီမျှသည့် လုပ်ငန်းသုံး စက်ပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ပေးအပ် သွားမည်ဖြစ်သည်။


အမှာစကားပြောကြား


အဆိုပါ စက်ချုပ်နည်းပညာ သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်း က ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပ ဖွင့်လှစ်ပြီး သင်တန်းများမှ ကျေးလက်နေပြည်သူများအတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်း များပေးအပ်ပွဲကို ဆက်လက် ကျင်းပရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်အမှာစကား ပြောကြားသည်။


ဆက်လက်၍ အသေးစားကုန် ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက် ခဲ့သည့် ဝေါမြို့နယ် ပြွန်စုကျေးရွာ၊ ကဝမြို့နယ် ပင်ကလောင်ကျေးရွာတို့၌ ဖွင့်လှစ်ခဲ့သည့် စက်ချုပ်နည်း သင်တန်း၊ မော်တော်ဆိုင်ကယ် ပြုပြင် ထိန်းသိမ်းနည်းသင်တန်းနှင့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းတို့မှ ထူးချွန် သင်တန်းသူများအား ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပြီး ပြသထားသည့် လုပ်ငန်းသုံးပစ္စည်းများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.