မင်္ဂလာတောင်ညွန့်မြို့နယ်၌ စံပြဖဆပလရောင်းဝယ်ရေးအသင်း အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်ပြန်လည်ရွေးချယ်
ရန်ကုန် ဩဂုတ် ၁၆
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်၌
ဖဆပလရပ်ကွက် စံပြဖဆပလရောင်းဝယ်ရေး အသင်း၏ ၂၀၂၅-၂၀၂၆ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့်
အမှုဆောင် ပြန်လည်ရွေးချယ်ခြင်းကို သြဂုတ် ၁၅ ရက် နံနက် ၁၀ နာရီက ရပ်ကွက်ဓမ္မာရုံတွင်
ကျင်းပသည်။
အခမ်းအနားတွင် ဖဆပလရပ်ကွက် စံပြဖဆပလရောင်းဝယ်ရေးအသင်းဥက္ကဋ္ဌ
ဒေါ်အေးမြင့်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး အမှုဆောင်အစီရင်ခံစာနှင့် အသင်းသား စာရင်းစစ်
အစီရင်ခံစာများကို အမှုဆောင်တစ်ဦးက ဖတ်ကြားပြီး အတည်ပြုသည်။
ထုတ်ပေး
ယင်းနောက် အမှုဆောင် ငါးဦးနှင့် အသင်းသားစာရင်းစစ်
နှစ်ဦးအား ရွေးချယ်အတည်ပြု ကတိသစ္စာပြုခြင်း ဆောင်ရွက်ခဲ့ကာ တက်ရောက်သူအသင်းသားများအား
အစုပေါ်အမြတ်ငွေများ ထုတ်ပေးခဲ့ကြောင်း သိရသည်။
ကျော်စိုးမိုး(မင်္ဂလာတောင်ညွန့်)

No comments