ကျုံပျော်မြို့၌ ရေစီးရေလာကောင်းမွန်ရေး ရေနုတ်မြောင်းတူးဖော်
ကျုံပျော် ဩဂုတ် ၁၆
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်
စည်ပင်သာယာရေးအဖွဲ့က ယနေ့တွင် တေဇရပ်ကွက် သောင်ရွာလမ်းမကြီး နံဘေးရှိ ပင်မရေထုတ်မြောင်းမကြီးအား
တူးဖော်ဆည်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ကြသည်။
လာရောက်ကြည့်ရှု
အဆိုပါ ရေထုတ်မြောင်းမကြီး အရှည်ပေ
၁၀၀၀ အား မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် စက်ယန္တရား၊ လူအင်အားတို့ဖြင့် တူးဖော်ရှင်းလင်း
ဆောင်ရွက်နေမှုကို ကျုံပျော်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ
ဦးစောထွန်းဝင်းက လာရောက်ကြည့်ရှုသည်။
မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့်
မြို့သန့်ရှင်းသာယာ လှပရေး၊ မိုးတွင်းကာလရပ်ကွက် များအတွင်း ရေစီးရေလာကောင်း မွန်ကာခြင်နှင့်
အနံ့အသက်ဆိုး များကင်းဝေးပြီး သန့်ရှင်းမှုရှိစေ ရေးအတွက် အမှိုက်များ စနစ်တကျ သိမ်းဆည်းခြင်း၊
ရေနုတ်မြောင်းများ တူးဖော်ဆယ်ယူခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း
သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments