အောင်လံမြို့နယ်၌ ငှက်ပျောပင် စုပေါင်းစိုက်ပျိုးပွဲကျင်းပ

 


​အောင်လံ ဩဂုတ် ၁၆

 

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် အထက(ခွဲ) ရေပေါ်တွင် ငှက်ပျောပင် စုပေါင်းစိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပသည်။ အခမ်းအနားတွင် အောင်လံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က အမှာစကား ပြောကြားသည်။

 

ကြည့်ရှုအားပေး

ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများက သတ်မှတ်မြေနေရာများတွင် ငှက်ပျောပင်များကို စုပေါင်း စိုက်ပျိုးကြပြီး တက်ရောက်လာကြသူများ စိုက်ပျိုးသည့် ငှက်ပျောပင်များအား တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)

No comments

Powered by Blogger.