ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ ဝမ်းပျက် ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးဆောင်ရွက်
ရန်ကုန် ဩဂုတ် ၁၆
ရန်ကုန်တိုင်းဒေသကြီး
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက်
ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ပူးပေါင်းအဖွဲ့ဖြင့် အရှိန်အဟုန်မြှင့်
ကွင်းဆင်းဆောင်ရွက်သည်။
ဒဂုံမြို့သစ် (တောင်ပိုင်း)
မြို့နယ် လေးထောင့်ကန်ဈေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့်
မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုးလင်းထူးဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊
ပရဟိတလူမှုကူညီရေး အသင်းအဖွဲ့များ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပြီး ရပ်ကွက်နေပြည်သူများအား
ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ
အသိပညာပေးဆွေးနွေးခြင်း၊ ရောဂါကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို
ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒဂုံတောင်(ပြန်/ဆက်)

No comments