ဒေါပုံမြို့နယ်၌ ယမုံနာ(၂) ရောင်း၀ယ်ရေး သမဝါယမအသင်း နှစ်ပတ်လည်စည်းဝေး
ဒေါပုံ ဩဂုတ် ၁၆
ဒေါပုံမြို့နယ်တွင် ယမုံနာ(၂)ရောင်း၀ယ်ရေး
သမဝါယမအသင်းလီမိတတ်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့်
အမှုဆောင်သစ်ရွေးချယ်ပွဲကို ယနေ့နံနက်ပိုင်းက အမက(၇)၌ ကျင်းပသည်။
ဦးစွာ ယမုံနာ(၂)ရောင်း၀ယ်ရေးအသင်းဥက္ကဋ္ဌက
အသင်း၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အသင်းအမှုဆောင်အဖွဲ့အစီရင်ခံစာနှင့်
ဘဏ္ဍာရေးရှင်းတမ်း များကိုတာ၀န်ရှိသူများက ဖတ်ကြားတင်ပြကာ အတည်ပြုချက်ရယူကြသည်။
ထို့နောက် အမှုဆောင်သစ်ရွေးချယ်ရာ မြို့နယ်သမဝါယမဦးစီးဌာနမှ
ဦးစီးအရာရှိ ဒေါ်နှင်းသိမ့်သိမ့်ဖြိုးက သဘာပတိအဖြစ်ဆောင်ရွက်ပြီး သမဝါယမအသင်း ဥပဒေ၊
လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် အမှုဆောင်အဖွဲ့၀င်
သုံးဦးနှင့် အသင်းသားစာရင်းစစ်နှစ်ဦးတို့အား အမှုဆောင်သစ်များအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း
သိရသည်။
ချစ်စုဝေ(ပြန်/ဆက်)

No comments