မြို့သစ်မြို့နယ်ရှိ စွန်ဆည်နှင့် ဆဒ္ဒန်ဆည်ရေလှောင်တမံ ရေပိုလွှဲတို့မှ ဆက်လက်ရေကျော်ကျလျက်ရှိပြီး အသိပညာပေးခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်

 



မြို့သစ် ဩဂုတ် ၁၆


မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်တွင် ဩဂုတ်လဆန်း ပိုင်းမှစတင်၍ မိုးများ အဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ယနေ့ နံနက် ၆ နာရီ ဆည်ရေတိုင်းထွာချက်အရ စွန်ဆည်နှင့် ဆဒ္ဒန်ဆည် ရေလှောင်တမံရေပိုလွှဲတို့မှ ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။


စွန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် ၆၂၅ ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ ၆၂၅ ဒသမ ၉၀ ပေရှိသည့်အတွက် ရေပိုလွှဲမှ သုည ဒသမ ၉ ပေခန့် ၊ ဆဒ္ဒန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ် သည် ၅၆၀ ဒသမ ၅၀ ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ ၅၆၀ ဒသမ ၈၀ ပေ ရှိသည့်အတွက် ရေပိုလွှဲမှ သုည ဒသမ ၃ ပေခန့် ဆက်လက် ရေကျော်ကျလျက်ရှိသည်။


စွန်ဆည်နှင့် ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲတို့မှ ရေကျော်ကျမှု ရှိသော်လည်း ဆည်၏ ဆက်စပ်အဆောက်အအုံများ ကြံ့ခိုင်ကောင်းမွန်သည့်အတွက် စိုးရိမ်စရာ အခြေအနေမရှိကြောင်းနှင့် ဆည်တမံများ၏ အခြေအနေနှင့်ပတ်သက်၍ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဝင်းအိဇွန်(ပြန်/ဆက်)

No comments

Powered by Blogger.